Wednesday, January 1, 2020

ကွန်ပျူတာသုံးစွဲသူများအတွက် Registry အကြောင်းသိကောင်းစရာ

ကိုယ့်ကွန်ပျူတာရဲ့ စီပီယူဗားရှင်းကို Hack ပြီး ဂျင်းထည့်မယ်




ကိုဖိုးလုံးမှာ ပိုက်ဆံကလည်း ပါးနေတယ်။ ကွန်ပျူတာလေးလဲ လိုချင်တယ်။ အဲဒီတော့ ရှိတဲ့ဟာလေးနဲ့ ဘယ်အမျိုးအစား လောက် ရမလဲ သွားမေးတယ်။ ပိုက်ဆံလေးက သိန်းဂဏန်းနည်းနည်းပဲ ကျော်တာဆိုတော့ ဆိုင်က ဒီလောက်နဲ့ဆိုရင်တော့ အဆင့်မြင့်မြင့်မရနိုင်ကြောင်း၊ ဟိုးယခင်က ထုတ်ခဲ့တဲ့ ကွန်ပျူတာ Used လေးတွေ တော့ ရှိကြောင်း ဘာညာသာရကာ ပြောတယ်ပေါ့။

အဲဒါနဲ့ ကိုဖိုးလုံးကလည်း သူစဉ်းစားတယ်၊ ဈေးကြီးကြီး ကွန်ပျူတာတွေ မှန်းနေရင် သူ့ ဒီတစ်သက် ကိုင်ရမှာ မဟုတ်ဘူး။ အဲဒီတော့ စာစီစာရိုက်ကလေးလောက်၊ အပျင်းပြေ ဂိမ်းအသေးစားလေးတွေလောက် သုံးလို့ရရင် တော်ပြီ ဆိုပြီး ဝယ်လိုက်တယ်။ CPU က Intel Pentium 4 တဲ့။

နောက် သူ အဲဒါလေး ဝယ်ပြီးသုံးရင်းနဲ့ တော်တော်လေး ကျွမ်းလာတယ်။

သူ့ကွန်ပျူတာကြီးကသာ ပုံတုံးတုံးကြီးနော်။ My Computer ထဲမှာ System Properties ထဲ ဝင်ကြည့်လိုက်တော့ Core i7 ဆိုပဲ... မထင်ရဘူးနော်။

သူ့သူငယ်ချင်းက ဝင်ကလိရင်း အဲဒါကြီးတွေ့တော့ နည်းနည်း ဖြုံသွားတယ်။

ဒီကောင်ကြီးက စက်ကြီးကသာ ပုံတုံးကြီး CPU က မြင့်လှချည်လားပေါ့။

ဒါနဲ့ ဟရောင် အဲဒါ ဘယ်လိုလုပ်ထားတာလဲ ဆိုတော့ ကိုဖိုးလုံးကလည်း နာမည်နဲ့လိုက်အောင် လုံးချတာပေါ့။
ပြောပုံကိုကြည့်လေ...

ဟျောင့် ဂျင်းကောင် မင်း အခွံကို ကြည့်ပြီး မဆုံးဖြတ်နဲ့ကွ၊ အပြင်က အခွံက ရှေးဟောင်းပစ္စည်းစာရင်း ဝင်တော့မှာမို့ မပစ်ဘဲ ထိန်းသိမ်းထားတာ၊ မားသားဘုတ်ရော စီပီယူရော အကောင်းစား လဲထားတာကွ၊ ဟဲ ဟဲ

ပြောင်စပ်စပ်နဲ့ ပြောတဲ့ ကိုဖိုးလုံးစကားကို မယုံပါဘူး။ ဒါပေမဲ့ အဖုံးကို ဖွင့်ကြည့်ရအောင်ကလည်း အဆင် မပြေဘူးဆိုတော့ မယုံ့ တယုံနဲ့ လစ် လာရတာပေါ့လေ။

တကယ်က ဘာမှ မဟုတ်ဘူး။ Registry ကနေ ဝင်ပြင်လိုက်တာ။

လုပ်ကြည့်ရအောင်။

ကျွန်တော့် ကွန်ပျူတာရဲ့ Processor က i7 နော်။ My Computer ထဲက လွတ်တဲ့တစ်နေရာမှာ Right Click ထောက်ပြီး System Properties ထဲ ဝင်လိုက်ရင် အောက်က အပြာလေး ဝိုင်းပြထားတဲ့ နေရာမှာ ကိုယ့် CPU ရဲ့ အမျိုးအစားတွေနဲ့ အမြန်နှုန်းကို ဖတ်နိုင်ပါတယ်။



ပထမဆုံး Regedit နဲ့ Registry Editor ကို ခေါ်။ အဲဒီထဲမှာ

[HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\Central Processor\0] ဒီလမ်းကြောင်း အတိုင်း အဆင့်ဆင့် သွားလိုက်ပါ။

အပိုင်း(၁)ကို ဖတ်ဖူးရင် ဒီအပိုင်းလောက်ကို လုပ်တတ်မှာမို့ ပုံနဲ့ မပြတော့ပါ။


ကျွန်တော်တို့က  (CentralProcessor) ဆိုတဲ့ ကီးထဲမှာ ပြင်မှာမို့ နဂိုရ်အတိုင်း ပြန်လိုချင်ရင် ပြန်လုပ်လို့ရအောင် Backup လုပ်ထားပါဦး။ Backup လုပ်နည်း မနေ့က ပို့စ်ထဲမှာ ပါတယ်နော်။ မေ့နေရင် ပြန်ကြည့်ပါ။ ပြီးရင် စလုပ်ကြမယ်။

CentralProcessor ရဲ့ Subkey များဖြစ်တဲ့ (1,2,3,4) တို့ရဲ့ ညာဘက်ခြမ်းမှာ Processor Name String ဆိုတဲ့ Value တစ်ခုစီ တွေ့ပါလိမ့်မယ်။ ပထမဆုံး (1) ထဲမှာ ပြင်မယ်။ ပြထားတဲ့အတိုင်းလေးပါပဲ။Double Click နှိပ်လိုက်ပြီး ဝင်ပြင်လိုက်ပါ။ နောက်ထပ်လည်း (2)(3)(4) တို့ထဲကို ဝင်ပြီး ခုနအတိုင်း ပြင်ပေးလိုက်ပါ။



အောက်က အတိုင်းလေး ပြင်ပေးလိုက်မယ်။ မယုံရင် Google ခေါက်ကြည့်လေ။ အဲဒီ စီပီယူ ဗားရှင်းက အဲဒီ Nomenclature နံပါတ်နဲ့  ရှိနေတာပဲ။ နည်းနည်းတော့ စိတ်လျှော့ပေါ့လေ။

CPU က i9 အထိပဲ ထွက်သေးတာဆိုတော့ i10 တို့ i12 တို့ သွားလုပ်လိုက်ရင် ဘယ်သူက ယုံမလဲ။

ရပြီ။ Restart ချကြည့်။ ပြီးရင် ခုနကလို System Properties ထဲ ဝင်ကြည့်ပါဦး။ 

ပြောင်းသွားပြီနော်။ 

သတိထားရမှာက

Backup လုပ်ဖို့ လုံးဝမမေ့ပါနဲ့။ မဖြစ်မနေ လုပ်ထားပါ။ ဘယ်လောက်ကျွမ်းတဲ့သူ ဖြစ်ဖြစ် Registry ထဲ ဝင်ပြင်မယ်ဆိုတာနဲ့ Backup ကို မဖြစ်မနေ လုပ်ကြရပါတယ်။

ပညာရချင်လို့ ဝင်ပြင်ကြည့်တယ်၊ စမ်းသပ်ကြည့်တယ်ဆိုတာ ကောင်းပါတယ်။ ခဏခဏ ဆော့စရာ အနေနဲ့ ပြင်လိုက် ဖျက်လိုက် သွားမလုပ်ပါနဲ့။ Registry က နတ်ကြီးပါတယ်။ မတော်တဆ ပြင်နေရင်းနဲ့ Power ပိတ်သွားတာမျိုးဆိုရင် ဂဂျိုးဂကြောင်တွေ ဖြစ်တတ်ပါတယ်။



ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က သူများကို ကွန်ပျူတာရောင်းရင် ဂျင်းထည့်ဖို့ မဟုတ်ဘူးနော်။ ကွန်ပျူတာ ဝယ်ရင် System Properties တစ်ခုတည်းနဲ့ ကြည့်ဆုံးဖြတ်လို့ မရတာကို ပြောချင်တာ။ BIOS ထဲကနေ ဝင်ကြည့်တာ ပို စိတ်ချရပါလိမ့်မယ်။

PDF လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အပိုင်းနည်းနည်းများလာရင် တစ်အုပ်လုပ်ပေးပါ့မယ်။


ပျော်ရွှင်ကြပါစေခင်ဗျား





Aung Technology



မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...