Showing posts with label Photoshop. Show all posts
Showing posts with label Photoshop. Show all posts

Sunday, December 29, 2019

ဖိုတိုရှော့ မြန်မာလို သင်ကြမယ်

No photo description available.

ဖိုတိုရှော့ မြန်မာလို သင်ကြမယ်

 Photoshop ကို လူတိုင်း သိပါတယ်။
ဒါပေမဲ့ Photoshop နဲ့ ဓာတ်ပုံတွေကို ဘယ်လို ဖန်တီးရမယ်ဆိုတာတော့ လူတိုင်း မသိနိုင်ပါဘူး။

ဓာတ်ပုံလေးတွေမှာ နောက်ခံပြောင်းတာ၊ ခေါင်းဖြတ်ကိုယ်ဆက် လုပ်တာက စပြီး စမ်းတဝါးဝါးလုပ်ကြည့်နေတာထက်စာရင် မြန်မာလို ရှင်းပြပြီး လိုက်လုပ်လို့ အဆင်ပြေနိုင်မဲ့ စာအုပ်ကလေးတွေ လိုချင်တဲ့သူများအတွက် ဒီစာအုပ်ကလေးကို တင်ပေးလိုက်ပါတယ်။

မှတ်ချက်။ ကျွန်တော်ရေးထားတာမဟုတ်ပါ။ Designer Nagar ရေးထားတာ ဖြစ်ပါတယ်။ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။

ဓာတ်ပုံဆိုင်ဖွင့်မလား...

စတေကာ ဖောက်မလား...

ဗီနိုင်းထုတ်မလား...

ဖိတ်စာရိုက်မလား...

အင်္ကျီတွေ တံဆိပ်ရိုက်မလား...

တံဆိပ်တုံးတွေ လုပ်မလား...

ဉာဏ်ရှိသလို သုံးနိုင်ပါတယ်

ရေခဲပြင်ပေါ်မှာ နေမလား၊ မီးလျှံကြားထဲမှာ နေမလား...

မြန်မာနိုင်ငံမှာ မိုးပျံရထားလမ်း ဖောက်မလား(ဖိုတိုရှော့နဲ့ပြောတာ)

ကျွမ်းကျင်ရင် ကျွမ်းကျင်သလို အကုန်လုပ်လို့ ရပါတယ်။

ဒီစာအုပ်တစ်ခုတည်းနဲ့တော့ ပညာရှင်ကြီး ဖြစ်လာမှာ မဟုတ်ပါ။ ဒါပေမဲ့ ကျွမ်းကျင်သူတစ်ဦးဖြစ်ဖို့တော့ အထောက်အကူ ပြုပါလိမ့်မယ်။

လှေကားထစ်ကို ကျော်မနင်းမိဖို့သတိပြုပါ။ တစ်ထစ်လောက် ကျော်နင်းရင် ညောင်းတယ်ဗျ။ ကြာကြာ မနင်းနိုင်တော့ဘူး။

နှစ်ထစ်သုံးထစ် ကျော်နင်းရင် ချော်ကျပြီး ရှေ့မရောက်နိုင်ပါ။

တစ်ထစ်ပြီး တစ်ထစ် ပုံမှန်သာ နင်းသွား ပန်းတိုင် သိပ်မဝေးပါဘူး။

စာအုပ်လိုချင်သူများ အောက်မှာ ယူနိုင်ပါပြီ။

Mediafire မှ ဒေါင်းရန်


Google Drive Link မှ ဒေါင်းရန်


ကျေးဇူးတင်ပါတယ်.

Aung Technology

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...