Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Saturday, December 28, 2019

Android Phone မျိုးစုံကို Firmware ရေးသားနည်း

Firmware ရေးမယ်



Firmware ဆိုတာ...


Firmware ဆိုတာ Device ရဲ့ Read Only Memory(ROM) ထဲကို ရိုက်သွင်းပေးထားတဲ့ Program တစ်ခုဖြစ်ပြီးတော့ Firmware ရဲ့ လုပ်ဆောင်ချက်ကတော့ Device တွေကြားမှာ ဘယ်လိုလုပ်ငန်းဆောင်တာတွေကို လုပ်ရမယ်ဆိုတာကို သတ်မှတ် ရေးသားထားတဲ့ ပရိုဂရမ် တစ်ပုဒ် ဖြစ်ပါတယ်။
Firmware ကို မြင်သာအောင် ဥပမာလေး ပေးကြည့်ရအောင်...
မွေးကင်းစ ကလေးတွေ မိခင်ဝမ်းထဲက ထွက်လာတာနဲ့ "အူဝဲ" ဆိုတဲ့ ငိုသံလေးနဲ့ ခြေလေး လက်လေးတွေ လှုပ်ရှားလာတယ်မို့လား။ သူ့ကို ဘာမှ သင်ပေးစရာမလိုဘဲကို မိခင်မွေးလာကတည်းက ငိုတာနဲ့ လှုပ်ရှားတတ်တာလေး ပါလာတယ်။ အဲဒါကို Firmware လို့ သတ်မှတ်လိုက်ပါ။
သူ့အတွက် ငိုဖို့အတွက် အထူးတလည် ဘာမှ သင်ပေးစရာ မလိုပါဘူး။ နို့စို့ဖို့ အထူးတလည် သင်ပေးစရာ မလိုပါဘူး။ မိခင်ဝမ်းထဲက မွေးထုတ် လိုက်ကတည်းက အဲဒီလုပ်ငန်း အလိုအလျောက် ပါလာပြီး ဖြစ်ပါတယ်။ ဒါကို သဘာဝတရားကြီးက မွေးတာနဲ့ ငိုရမယ် နို့စို့ရမယ် ဆိုပြီး သတ်မှတ် ပေးလိုက်တာ ဖြစ်ပါတယ်။
Device တစ်ခု ရဲ့ Firmware ဆိုတာလည်း အဲဒီလိုပါပဲ။ စက်ရုံကနေ ထုတ်လိုက်ကတည်းက သူ့ရဲ့ ROM Chip ထဲမှာ ပါဝါခလုတ်နှိပ်ရင် စခရင် မီးပွင့်ရမယ်၊ OS ကို မောင်းနှင်ရမယ်၊ ပျက်စီးနေရင် အချက်ပြရမယ် ဆိုတဲ့ Device ကို အလုပ်လုပ်ပေးရမဲ့ အခြေခံ Program တစ်ခုကို ရိုက်သွင်းပေးထားပါတယ်။ အဲဒါကို Firmware လို့ ခေါ်ပါတယ်။
Firmware ရှိပြီးသားစက်ထဲမှာ OS ကို Run ရတာပါ။ Operating System (ဥပမာအားဖြင့် Windows, Linux, Android, Mac စသည်)။ အဲဒီ OS ပေါ်မှာမှ Application တွေကို တင်ပြီး သုံးကြတယ်ပေါ့။
Android Device တွေမှာတော့ OS ကို Update လုပ်လိုက်တာနဲ့ သူ့ရဲ့ Firmware ကိုပါ သွားပြီး ပြောင်းလဲပေးပါတယ်။
Windows Device (ဥပမာ ကွန်ပျူတာ) စသည်တို့မှာ BIOS က Firmware ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ OS ကိုတော့ Hard disk မှာ သွားပြီး တင်ပါတယ်။ တစ်ခုရှိတာက Mac OS ကိုတော့ Apple ရဲ့ ထုတ်ကုန် ပစ္စည်းတွေမှတစ်ပါး တစ်ခြားဘယ်ဟာပေါ်မှာမှ အလုပ်မလုပ်ပါဘူး။ တည်ဆောက်ပုံ Architecture မတူညီလို့ပါ။
ထားလိုက်ပါတော့..ခေါင်းစဉ် ချော်သွားမယ်။
ဥပမာ တစ်ခု ထပ်ပေးမယ်။ ကလေးတစ်ယောက် ကြီးလာတဲ့အခါ သူဟာ ဘယ်ဘာသာစကားနဲ့ ပြောမလဲ၊ ဘယ်ဘာသာတရားကို ကိုးကွယ်မလဲ ဆိုတာတော့ အလိုလို ဖြစ်လာတာ မဟုတ်ဘဲ မိဘက သင်ပေးရတာမဟုတ်လား။
Operating System ဆိုတဲ့ဟာကလည်း အဲဒီလိုမျိုးပဲ၊ ဒီကိရိယာ တစ်ခုရဲ့ OS က Windows ဖြစ်တယ်၊ Linux ဖြစ်တယ် စသည်ဖြင့် စသည်ဖြင့် သတ်မှတ်လိုက်တယ်၊ သွင်ပြင်လက္ခဏာတွေ ပြောင်းသွားတယ်။ အဲဒီလိုမျိုးပေါ့ဗျာ။
ဟုတ်ပါပြီ။ ကျွန်တော်တို့ အဲဒီ OS တွေမှာ Application တွေ ထည့်ရမယ်လေ။
ကလေးတွေ ကြီးပြင်းလာတော့ စာရေးတွေဖြစ်သွားတယ်၊ ကျောင်းဆရာ ဖြစ်သွားတယ်၊ ဆရာဝန်ဖြစ်သွားတယ် စသည်ဖြင့် အသုံးချပညာရပ်တွေ အသီးသီး ရသွားတယ်။
ကဲ ဇာတ်လမ်းပေါင်းရရင်

(ကလေးတွေ ငယ်ငယ်က ငိုတတ်တယ်၊ နို့စို့တတ်တယ်(Firmware)> အဲဒီကလေးတွေကို နည်းနည်းကြီးလာတော့ ဘာသာတရားတွေ ဘာသာစကားတွေ သွတ်သွင်းပေးလိုက်တယ် (Operating System)> သူတို့ကို ပညာရပ်တွေ သင်ပေးလိုက်တယ် (Applications)) ဒီလောက်ဆိုရင် Firmware .. OS... နဲ့ Application ကို သဘောပေါက်လောက်ပါပြီ။

အခု ရေးသားနေတာတွေက သိပြီသား နောင်တော်များအတွက် မရည်ရွယ်ဘူးနော်။ မသိသေးတဲ့၊ တစ်ခါမှ မစဉ်းစားဖူးသေးတဲ့၊ ကြားသာ ကြားဖူးပြီး သေချာမသိတဲ့ မိတ်ဆွေများအတွက်သာ ဖြစ်ပါတယ်။
နိဒါန်းကြီးက ရှည်သွားတယ်။
ဒီည ပေးမဲ့စာအုပ်က Android Phone တွေကို Firmware ပြန်လည် ရေးသားခြင်းအတွက် အခြေခံဗဟုသုတလေး ရစေဖို့ စာအုပ်ကလေး တစ်အုပ်ပါ။
Mobile Phone မျိုးစုံအတွက် Firmware ရေးသားနည်း စာအုပ်။
Machine Language နဲ့ ပရိုဂရမ်ရေးသားတဲ့အထိတော့ မဟုတ်ပါဘူး။ Developer တွေ ရေးထားတဲ့ Firmware တွေကို ဘယ်လိုဒေါင်းပြီး ဘယ်လို Flash ရိုက်မယ်၊ ဖုန်းရဲ့ ROM ထဲကို ရိုက်ထည့်မယ်ဆိုတာကို ဖော်ပြထားတာပါ။
တစ်ခုတော့ သတိပေးပါရစေ။ ဒီကိစ္စက လုံးဝ အမှားမခံပါဘူး။ ဒါ့ကြောင့် လိုက်လုပ်ကြည့်မယ်ဆိုရင်လည်း ဒီစာအုပ်ကို သေချာစွာ နားလည်တတ်ကျွမ်းအောင် လေ့လာပြီးမှသာ တသဝေမတိမ်း လုပ်ပါလေ။
IMEI ပျက်စီးသွားတာတို့ဘာတို့ Hardware ပျက်စီးသွားတာတို့အတွက် ကျွန်တော် တာဝန်ယူနိုင်မည် မဟုတ်ပါ။
ကျွန်တော်လည်း အခြေခံသဘောတရားကိုသာ လေ့လာထားသူ ဖြစ်ပါတယ်။
အခန့်မသင့်ရင် သုံးမရအောင် ပျက်စီးသွားနိုင်ပါတယ်။
ဒါ့ကြောင့် ဒါ့ကြောင့် ဗဟုသုတ အနေနဲ့ ဖတ်ချင် ဒေါင်းပါ။
အခြေခံလိုချင်လို့ ဖတ်ချင် ဒေါင်းပါ။
တကယ်လို့ မှားယွင်းပြီး ပျက်စီးသွားရင်တော့ သားနဲ့ မပတ်သက်ပါ။
မူပိုင်ခွင့်ကို လေးစားသောအားဖြင့် (၄-၁-၂၀၂၀)အထိပဲ လင့်ခ်ကို ဆက် ထားပေးမှာ ဖြစ်ပြီး တစ်ပတ်ကျော်ရင်တော့ Link ပြန်ဖျက်ပေးသွား မှာပါ။
ရေးသားသူနှင့် ထုတ်ဝေသည့်စာပေတိုက်ကို Credit ပေးပါတယ်။

ဂူဂဲလ်လင့်ခ်မှာ တိုက်ရိုက်ဖတ်/ဒေါင်းနိုင်ပါတယ်။


မီဒီယာဖိုင်းယားမှာ ဇစ်ဖိုင် ဒေါင်းနိုင်ပါပြီ။




မဒေါင်းမိလိုက်လို့ နောက်ကျသွားသူများ ရှိပါက ဒီမှာ လာတောင်းလို့ ရပါတယ်။




ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
ကိုယ်ရောစိတ်ပါ ချမ်းမြေ့ကြပါစေ။



Aung Technology

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...