Monday, August 17, 2020

Desktop Computer တစ်လုံး၏ အစိတ်အပိုင်းများနှင့် ရေရှည်အသုံးခံအောင် ပြုပြင်ထိန်းသိမ်းနည်းများ အပိုင်း(၂)

ရှေ့က တစ်ပို့စ်မှာ RAM အပိုင်းထိ ရောက်သွားပါပြီ။ အခု ဆက်ပြီး ကျန်တဲ့အစိတ်အပိုင်းတွေ လာပါမယ်။

PC Hardware Components and Accessories | Maximo PC


Graphic Card


Computer Graphic Card, Memory Size: 2 Gb, Windows,Xp, Rs 2200 ...

သာမန်အားဖြင့် စာစီစာရိုက်လုပ်ရုံ၊ ဗီဒီယိုလေးဘာညာ ကြည့်ရုံလောက်ဆို Graphic Card သီးခြား စိုက်စရာ မလိုပါဘူး။ အဲဒီအတွက် Motherboard မှာ Port တွေ ပါပြီးသား ဖြစ်သလို CPU ကလည်း တော်ရုံ ပုံတွေ၊ ဗီဒီယိုတွေ မော်နီတာမှာ ပြပေးဖို့အတွက် လုပ်ပေးနိုင်ပါတယ်။ သူ့ထဲမှာလည်း Graphic Ability ပါပြီးသားပါ။ သို့သော်ငြား ဂိမ်းခပ်မြင့်မြင့်တွေ ဆော့ချင်တာ၊ ဂရပ်ဖစ်ဒီဇိုင်းတွေ ဆွဲချင်တာ စတဲ့ HD(High Definition) Image တွေကို Monitor မှာ ဖော်ပြဖို့အတွက်ကျတော့ Graphic Card မရှိလို့ မရပါဘူး။ CPU ကလည်း အဲလောက်တော့ Handle လုပ်မပေးနိုင်ပါဘူး။ အဲဒါကြောင့် Graphic Card ကို Image တွေ ကောင်းကောင်းကိုင်တွယ်ဖို့အတွက် သီးခြား ထပ်စိုက်ပေးရတာ ဖြစ်ပါတယ်။ Graphic မှာလည်း Motherboard အသေးလေး(သူ့အတွက်သာ) တစ်ခု၊ GPU လို့ခေါ်တဲ့  (Graphic Processing Unit) တစ်ခု၊ Memory (RAM ပါပဲ) အဲဒါတွေ ပါပါတယ်။ ကွန်ပျူတာမှာ ဒီကောင်ကြီးက ပုံဆွဲဌာနပေါ့။ သူလည်း အလုပ်များရင် အပူများများထွက်တယ်၊ Fan လည်နှုန်းပြည့် လည်ဖို့လိုပါတယ်။ ဖုန်မဝင်ဖို့တော့ သတိထားရမှာပါ။

Sound Card

Hot 4 Channel 5.1 Surround 3D PC PCI Sound Audio Card w/Game MIDI ...

မားသားဘုတ်ကြီးမှာ နားကြပ်ပေါက်၊ မိုက်ပေါက်တွေ ပါပြီးသားပဲ ဘာလို့ ဆောင်းကဒ် လိုနေသေးလဲ။ ဟင်... လွဲနေတယ်။ တကယ်တော့ ကွန်ပျူတာက ထုတ်ပေးနိုင်တဲ့ အသံက တီ တီ တီ ဆိုတဲ့ Beep သံပဲ ရှိပါတယ်။ သူ့ဘာသာ ဘာသံမှ မထွက်နိုင်ပါဘူး။ အသံထွက်ဖို့အတွက် Sound Card လိုအပ်ပါတယ်။ Sound Card မပါဘူးဆိုတာက On-Board (မားသားဘုတ်ပေါ်မှာ တစ်ပါတည်း ထည့်သွင်းတပ်ဆင်ထားပြီး) မို့လို့ပါ။ အဲဒါကြောင့် မားသားဘုတ်ရဲ့ မှာ အသံအတွက် နားကြပ်ပေါက်၊ မိုက်ပေါက်တွေ ပါနေတာပါ။ 


Sound Card  တွေမှာ အဓိက အပိုင်း (၄)ခု ပါပါတယ်။ အဲဒါတွေက


(A) Analog to Digital Converter (ADC) (ပကတိအသံလှိုင်းကို ဒစ်ဂျစ်တယ်အသံလှိုင်းသို့ ပြောင်းရန်)

(B) Digital to Analog Converter (DAC) (ဒစ်ဂျစ်တယ်အသံလှိုင်းကို ဒစ်ဂျစ်တယ်အသံလှိုင်းသို့ ပြောင်းရန်)

(C) ISA or PCI Slot (မားသားဘုတ်တွင် စိုက်ရန်)

(D) I/O Connection (နားကြပ်/မိုက်ခရိုဖုန်း စသည်တို့ တပ်ရန်)


သူ့မှာလည်း CPU / GPU တို့အလားတူ မိန်းပရိုဆက်ဆာ တစ်ခု ရှိပါတယ်။ (DSP - Digital Signal Processor) ပါ။ ဒီကောင်က CPU က ပေးလိုက်တဲ့ ဒစ်ဂျစ်တယ် Signal ကို DAC ဆီကိုပို့တယ်။ စပီကာကို အသံထုတ်ပေးလိုက်တယ်။ Microphone က ဝင်လာတဲ့ Analog လှိုင်းကို ADC က ဒစ်ဂျစ်တယ်ပုံစံ ပြောင်းတယ်။ DSP ဆီကိုပို့တယ်။ DSP က CPU နဲ့ ဒေတာအပို့အထုတ် လုပ်တယ်။ သူ့အလုပ်က အသံတွေကို ခွဲခြမ်း၊စိတ်ဖြာ၊ စိစစ်၊ တိုး/ချဲ့ သီးသန့်ပါပဲ။ ကွန်ပျူတာကြီးတစ်ခုလုံးရဲ့ မီဒီယာဌာနပေါ့။ 


သူ့ပေါ်မှာ ပါဝင်တဲ့ Components တွေ တစ်ခုချင်းတည်ဆောက်ပုံ အလုပ်လုပ်ပုံ အသေးစိတ်ကိုတော့ နောက်တစ်ပို့စ်တင်ပေးမယ်နော်။ Digital/Analog တွေပါ ရေးရမှာဆိုတော့ တော်တော် ရှုပ်ထွေးလို့ပါ။

Hard Disk Drive/ Solid State Drive

Amazon.com: Seagate Archive HDD 8TB SATA 6GBps 128MB Cache SATA ...

Hard Disk Drive



Solid-state drive - Wikipedia

Solid State Drive

ကွန်ပျူတာရဲ့ တည်မြဲမှတ်ဉာဏ်သိုလှောင်ရာ အစိတ်အပိုင်း ဖြစ်ပါတယ်။ Hard Disk Drive  မှာတော့ Magnetic Disk မှာ ဒေတာတွေကို သံလိုက်စက်ကွင်းပုံစံနဲ့ သိမ်းဆည်းပါတယ်။ Solid State Drive မှာတော့ NAND Gate Semiconductor Memory Cell တွေထဲမှာ သိမ်းဆည်းပါတယ်။ ဖုန်ကြောင့်တော့ သာမန်အားဖြင့်ပျက်စီးစရာမရှိပါဘူး။ သူတို့ရဲ့ Casing က အရမ်းလုံပါတယ်။ HDD ကြောက်တာက လွတ်ကျတာတို့၊ မောင်းနှင်နေစဉ် စောင်းတာ၊ လှုပ်ခါရမ်းတာ စတာတွေကို ကြောက်ပါတယ်။ ဒါ့ကြောင့် System Unit ကို တည်ငြိမ်စွာထားရမယ်လို့ ပြောတာပါ။ SSD ဆိုရင်တော့ ပြင်းထန်တဲ့ Shock (ပြုတ်ကျ၊ ဆောင့်မိတဲ့အား) ကလွဲလို့ သိပ်ပြဿနာမရှိပါဘူး။ 


အချို့က ပြောပါတယ်။ ကွန်ပျူတာ နှေးနေတယ်။ ဘယ်လိုလုပ်ရမလဲ။ SSD လဲလိုက်ပါ လို့ပြောပါတယ်။ သို့သော်လည်း SSD က SATA နဲ့ ဆိုရင် 600 MB/s ပဲ Transfer လုပ်နိုင်ပြီး M2 နဲ့မှသာ 4GB/s နဲ့ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ SSD ကို System Drive အတွက်သုံးပြီး HDD ကို Storage အတွက် သုံးမယ်ဆိုရင်တော့ အလွန် ဂွတ်သည်ပေါ့။


CD/DVD Drive 

Optical disc drive - Wikipedia

CD RW/ DVD RW/ CD-R/ DVD-R/Combo ဆိုပြီး ရှိကြပါတယ်။ 


RW ပါတဲ့ဟာတွေက Read/ Write လုပ်လို့ရတယ်။ R တစ်ခုတည်းဆိုရင်တော့ Read ပဲ လုပ်လို့ရတယ်။ Combo ကကျတော့ CD RW, DVD R ဖြစ်ပါတယ်။ အဓိကတော့ မှန်ဘီလူး ဖုန်မတက်ဖို့ ချေးမတက်ဖို့ လိုပါတယ်။ လေးငါးထောင်နဲ့ CD/DVD Drive Cleaner လေးတွေ ဝယ်သုံးလို့ရနေပါပြီ။ နောက်မှ အလျှင်းသင့်ရင် သင့်သလို CD / DVD Disc တွေအကြောင်း၊ Drive တွေအကြောင်း ရေးပါဦးမယ်။



ဒါဆိုရင်တော့ System Casing ထဲမှာ ပါတဲ့ အစိတ်အပိုင်းတွေ အတော်များများ စုံသလောက် ဖြစ်သွားပါပြီ။ Floppy Disc လိုမျိုးဟာတွေတော့ ခေတ် မရှိတော့လို့ မပြောတော့ပါဘူး။ နောက်ထပ် Laptop ထဲက အစိတ်အပိုင်းတွေအကြောင်းလည်း လာဦးမှာပါ။







AKK

Aung Technology




No comments:

Post a Comment

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...