Thursday, January 2, 2020

Software တွေကို Run Box မှ အထာကျကျ ခေါ်သုံးနည်း

Run box ကနေ ကြိုက်တဲ့ ဆော့ဝဲတွေ ကြိုက်တဲ့ဖိုင်တွေ ဖိုဒါတွေကို
Command ရိုက်ပြီး ခေါ်သုံးမယ်



နိုင်ငံခြား သိပ္ပံဇာတ်ကားတွေထဲမှာ မြင်ဖူးမှာပေါ့။ ကွန်ပျူတာပေါ်မှာ ဘာမှန်းမသိတဲ့ စာသားတွေ ပြေးနေတဲ့ ကွန်ပျူတာပေါ်မှာ Command တွေကို တောက်တောက်တောက်တောက် ရိုက်ပြီး အလုပ်တွေ လုပ်ကြတဲ့ အကြောင်း။

အခုလည်း ကွန်ပျူတာသမားတွေ လောကမှာ Short Cut ကီးတွေနဲ့ ခပ်သွက်သွက်လုပ်နိုင်ရင် အကောင်ပဲ။
လက်နှစ်ဖက်ကို ကီးဘုတ်ပေါ်မှာ တစ်စက္ကန့်ကို စာလုံးငါးလုံးလောက် ရအောင်ရိုက်နိုင်ရင်လည်း အကောင်ပဲ။
တစ်ချိန်တစ်ခါတုန်းက Windows ရဲ့ Run Box ထဲမှာ စာသားတွေ လေးငါးလုံး ရိုက်ထည့်ပြီး Program တွေကို ဗျောက်ကနဲ ဗျောက်ကနဲ ခေါ်နိုင်တဲ့ ဆရာတွေကို အလွန်အားကျခဲ့ဖူးတယ်။ သူတို့ ရိုက်တဲ့ Command တွေကိုလည်း အလွတ်တွေ လိုက်ကျက်ခဲ့ဖူးတယ်။

မှန်ပါတယ်။

သူတို့ရိုက်တဲ့ စာသားတွေကို ကျက်ရမှာပါ။

Windows နဲ့ အဓိကအားဖြင့် Microsoft Office ရဲ့ Application တွေမှာ Default အနေနဲ့ Run Box ကနေ ရိုက်ခေါ်နိုင်တဲ့ Application တွေ ရှိပါတယ်။

ကျွန်တော်သိသလောက် သုံးဖူးသလောက် Command Key တွေ ကို အရင် မျှဝေပါ့မယ်။

ပထမဆုံး Microsoft Office ထဲက Command တွေပေါ့ဗျာ။

winword (Microsoft Office Word ကို ဖွင့်ပေးပါတယ်)

excel (Microsoft Office Excel ကို ဖွင့်ပေးပါတယ်)

powerpnt (Microsoft Office Powerpoint ကို ဖွင့်ပေးပါတယ်)

msaccess (Microsoft Office Access ကို ဖွင့်ပေးပါတယ်)

groove (Microsoft Groove ကို ဖွင့်ပေးပါတယ်၊ သူကတော့ ကိုယ့်ရဲ့ အရေးကြီး ဒေတာတွေကို Cloud Storage မှာ လုံခြုံစွာသိမ်းဆည်းနိုင်ဖို့ Syncronize လုပ်နိုင်ပါတယ်)

lync (Microsoft Linc ကို ဖွင့်ပေးပါတယ်)

mspub (Microsoft Publisher ကို ဖွင့်ပေးပါတယ်၊ အဲဒီ Application က Design အသေးစား လုပ်ဖို့အတွက် အသုံးဝင်ပြီး Microsoft Office နဲ့ နည်းနည်းဆင်တယ်၊ Graphic ပိုင်းကို ပိုမို အားဖြည့်ထားပြီး Word ထက် တော့ Text Formatting ကို လျှော့ထားပါတယ်)

Onenote (Microsoft Onenote ကို ဖွင့်ပေးပါတယ်။ အသုံးတော့ နည်းပါတယ်။ မှတ်စုစာအုပ်လိုမျိုး သုံးလို့ ရပါတယ်)

outlook (Microsoft Outlook ကို ဖွင့်ပေးပါတယ်) ။ Mail ပို့တဲ့ Application တစ်ခုပါ။

အပေါ်က ဟာတွေကတော့ Microsoft Office Product တွေကို ဖွင့်နိုင်တဲ့ Command တွေ ဖြစ်ပါတယ်။

Windows ရဲ့ Runbox ကနေ ခေါ်နိုင်တဲ့ Item တွေထဲက အချို့ကို ပြောပြပါဦးမယ်။

Group Policy Editor ထဲကို ဝင်ချင်ရင် gpedit.msc လို့ ရိုက်ပြီးခေါ်လိုက်ပါ။
Command Prompt ကို ဖွင့်ချင်ရင် cmd လို့ ရိုက်လိုက်ပါ။
လက်ရှိသုံးနေတဲ့ ဝင်းဒိုးရဲ့ ဗားရှင်းကို သိချင်ရင် winver လို့ ရိုက်ခေါ်လိုက်ပါ။
Registry Editor ထဲသွားချင်ရင် regedit
Hardware Wizard ကို ဖွင့်ချင်ရင် hdwwiz
Program တွေကို Uninstall လုပ်ဖို့ဆိုရင် appwiz.cpl   သူကတော့ Program and Feature ထဲ ရောက်မယ်။
Administrative Tools ထဲကို သွားချင်ရင် Control Admin Tools
 
အောက်မှာလည်း တခြား Command တွေ ရှိပါသေးတယ်။
ဘယ်ဘက်က Program အမည် ဖြစ်ပြီး အလယ်က အစက်ကလေးရဲ့ ညာဘက်က ရိုက်ရမဲ့ Command ဖြစ်ပါတယ်။ 

• To Access • Run Command
• Accessibility Controls • access.cpl
• Accessibility Wizard • accwiz
• Add Hardware Wizard • hdwwiz.cpl
• Add/Remove Programs • appwiz.cpl
• Administrative Tools • control admintools
• Adobe Acrobat (if installed) • acrobat
• Adobe Designer (if installed) • formdesigner
• Adobe Distiller (if installed) • acrodist
• Adobe ImageReady (if installed) • imageready
• Adobe Photoshop (if installed) • photoshop
• Automatic Updates • wuaucpl.cpl
• Bluetooth Transfer Wizard • fsquirt
• Calculator • calc
• Certificate Manager • certmgr.msc
• Character Map • charmap
• Check Disk Utility • chkdsk
• Clipboard Viewer • clipbrd
• Command Prompt • cmd
• Component Services • dcomcnfg
• Computer Management • compmgmt.msc
• Control Panel • control
• Date and Time Properties • timedate.cpl
• DDE Shares • ddeshare
• Device Manager • devmgmt.msc
• Direct X Control Panel (if installed)* • directx.cpl
• Direct X Troubleshooter • dxdiag
• Disk Cleanup Utility • cleanmgr
• Disk Defragment • dfrg.msc
• Disk Management • diskmgmt.msc
• Disk Partition Manager • diskpart
• Display Properties • control desktop
• Display Properties • desk.cpl
• Display Properties (w/Appearance Tab Preselected) • control color
• Dr. Watson System Troubleshooting Utility • drwtsn32
• Driver Verifier Utility • verifier
• Event Viewer • eventvwr.msc
• Files and Settings Transfer Tool • migwiz
• File Signature Verification Tool • sigverif
• Findfast • findfast.cpl
• Firefox (if installed) • firefox
• Folders Properties • folders
• Fonts • control fonts
• Fonts Folder • fonts
• Free Cell Card Game • freecell
• Game Controllers • joy.cpl
• Group Policy Editor (XP Prof) • gpedit.msc
• Hearts Card Game • mshearts
• Help and Support • helpctr
• HyperTerminal • hypertrm
• Iexpress Wizard • iexpress
• Indexing Service • ciadv.msc
• Internet Connection Wizard • icwconn1
• Internet Explorer • iexplore
• Internet Properties • inetcpl.cpl
• Internet Setup Wizard • inetwiz
• IP Configuration (Display Connection Configuration) • ipconfig /all
• IP Configuration (Display DNS Cache Contents) • ipconfig /displaydns
• IP Configuration (Delete DNS Cache Contents) • ipconfig /flushdns
• IP Configuration (Release All Connections) • ipconfig /release
• IP Configuration (Renew All Connections) • ipconfig /renew
• IP Configuration (Refreshes DHCP & Re-Registers DNS) • ipconfig /registerdns
• IP Configuration (Display DHCP Class ID) • ipconfig /showclassid
• IP Configuration (Modifies DHCP Class ID) • ipconfig /setclassid
• Java Control Panel (if installed) • jpicpl32.cpl
• Java Control Panel (if installed) • javaws
• Keyboard Properties • control keyboard
• Local Security Settings • secpol.msc
• Local Users and Groups • lusrmgr.msc
• Logs You Out Of Windows • logoff
• Malicious Software Removal Tool • mrt
• Microsoft Access (if installed) • msaccess
• Microsoft Chat • winchat
• Microsoft Excel (if installed) • excel
• Microsoft Frontpage (if installed) • frontpg
• Microsoft Movie Maker • moviemk
• Microsoft Paint • mspaint
• Microsoft Powerpoint (if installed) • powerpnt
• Microsoft Word (if installed) • winword
• Microsoft Syncronization Tool • mobsync
• Minesweeper Game • winmine
• Mouse Properties • control mouse
• Mouse Properties • main.cpl
• Nero (if installed) • nero
• Netmeeting • conf
• Network Connections • control netconnections
• Network Connections • ncpa.cpl
• Network Setup Wizard • netsetup.cpl
• Notepad • notepad
• Nview Desktop Manager (if installed) • nvtuicpl.cpl
• Object Packager • packager
• ODBC Data Source Administrator • odbccp32.cpl
• On Screen Keyboard • osk
• Opens AC3 Filter (if installed) • ac3filter.cpl
• Outlook Express • msimn
• Paint • pbrush
• Password Properties • password.cpl
• Performance Monitor • perfmon.msc
• Performance Monitor • perfmon
• Phone and Modem Options • telephon.cpl
• Phone Dialer • dialer
• Pinball Game • pinball
• Power Configuration • powercfg.cpl
• Printers and Faxes • control printers
• Printers Folder • printers
• Private Character Editor • eudcedit
• Quicktime (If Installed) • QuickTime.cpl
• Quicktime Player (if installed) • quicktimeplayer
• Real Player (if installed) • realplay
• Regional Settings • intl.cpl
• Registry Editor • regedit
• Registry Editor • regedit32
• Remote Access Phonebook • rasphone
• Remote Desktop • mstsc
• Removable Storage • ntmsmgr.msc
• Removable Storage Operator Requests • ntmsoprq.msc
• Resultant Set of Policy (XP Prof) • rsop.msc
• Scanners and Cameras • sticpl.cpl
• Scheduled Tasks • control schedtasks
• Security Center • wscui.cpl
• Services • services.msc
• Shared Folders • fsmgmt.msc
• Shuts Down Windows • shutdown
• Sounds and Audio • mmsys.cpl
• Spider Solitare Card Game • spider
• SQL Client Configuration • cliconfg
• System Configuration Editor • sysedit
• System Configuration Utility • msconfig
• System File Checker Utility (Scan Immediately) • sfc /scannow
• System File Checker Utility (Scan Once At The Next Boot) • sfc /scanonce
• System File Checker Utility (Scan On Every Boot) • sfc /scanboot
• System File Checker Utility (Return Scan Setting To Default) • sfc /revert
• System File Checker Utility (Purge File Cache) • sfc /purgecache
• System File Checker Utility (Sets Cache Size to size x) • sfc /cachesize=x
• System Information • msinfo32
• System Properties • sysdm.cpl
• Task Manager • taskmgr
• TCP Tester • tcptest
• Telnet Client • telnet
• Tweak UI (if installed) • tweakui
• User Account Management • nusrmgr.cpl
• Utility Manager • utilman
• Windows Address Book • wab
• Windows Address Book Import Utility • wabmig
• Windows Backup Utility (if installed) • ntbackup
• Windows Explorer • explorer
• Windows Firewall • firewall.cpl
• Windows Magnifier • magnify
• Windows Management Infrastructure • wmimgmt.msc
• Windows Media Player • wmplayer
• Windows Messenger • msmsgs
• Windows Picture Import Wizard (need camera connected) • wiaacmgr
• Windows System Security Tool • syskey
• Windows Update Launches • wupdmgr
• Windows Version (to show which version of windows) • winver
• Windows XP Tour Wizard • tourstart
• Wordpad • write


ဒီအပေါ်က Command တွေကိုတော့ နည်းပညာသတင်းမှတ်စုများ Facebook Page မှ ကူးယူ ဖော်ပြထားခြင်းဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။ သက်ဆိုင်ရာ Page ကို Credit ပေးပါတယ်။ သူ့ Page ကို ဝင်ရောက် လေ့လာချင်တယ်ဆိုရင်တော့ ဒီမှာ သွားလေ့လာနိုင်ပါတယ်။


ကဲ လိုရင်းအပိုင်းကို ရောက်ပါပြီ။

အဲဒါတွေက များသောအားဖြင့် Windows ရဲ့ Default Software တွေ၊ Control Panel Item တွေနဲ့ Microsoft Office ရဲ့ Application တွေကိုပဲ ခေါ်ယူလို့ရတာပါ။

ကျွန်တော်တို့က နေ့စဉ် အသုံးပြုနေတဲ့ ဖိုဒါတွေ၊ ဖိုင်တွေ၊ Software တွေကိုလည်း ခေါ်ယူချင်တယ်။

ဒါပေမဲ့ ဘယ် Command ရိုက်ခေါ်ရမှန်း မသိဘူး။

ဘယ်သိမလဲ။ ရှိမှ မရှိတာ။

မရှိတော့ ဖန်တီးယူရမှာပေါ့။

ဘာမှ မခက်ပါဘူး။


လုပ်ရမဲ့ လုပ်ငန်းက ဘယ်လောက်မှ မရှိဘူး။ ကိုယ် Shortcut လုပ်ချင်တဲ့ App သို့မဟုတ် Folder သို့မဟုတ် ဖိုင်ပေါ်မှာ Right Click ထောက် Create Shortcut နှိပ်၊ အဲဒီ ရလာတဲ့ Shortcut ကလေးကို Right Click ထောက်၊ ကိုယ်ရေးချင်တဲ့ နာမည်ကိုပေး။ အဲဒီနာမည်က Run Box မှာ ရိုက်ခေါ်ရမဲ့ နာမည် ဖြစ်လာမယ် နော်။ ဥပမာ Video Folder ဆိုရင် vdo ဆိုပြီး နာမည် ပေးလိုက်လို့ ရတယ်။ အဲဒီ နာမည်ပေးပြီးသား Short Cut လေးကို Cut လုပ်၊ ပြီးတာနဲ့ C:\windows\system32 လမ်းကြောင်းအတိုင်း အဆင့်ဆင့်သွားလိုက်ပြီး အဲဒီ System32 Folder ထဲမှာ Paste လုပ်လိုက်ရုံပဲ။

ပြီးရင် Run Box  ကနေ ရိုက်ခေါ်လိုက်တော့။ ရပါပြီ။

ဘာမှတော့ သိပ်ကြီးကျယ်တဲ့ ပညာကြီး မဟုတ်ပေမဲ့ အသုံးပြုသူတွေအနေနဲ့ လွယ်လင့်တကူ လုပ်တတ် ကိုင်တတ်သွားအောင် တင်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ပညာသုတတိုးပွားကြပါစေ။




Aung Technology






No comments:

Post a Comment

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...