Saturday, January 4, 2020

Computer မှာ Shutdown ချဖို့ Shortcut တစ်ခု ဖန်တီးခြင်း

Computer မှာ Shutdown ချဖို့ Shortcut တစ်ခု ဖန်တီးခြင်း

Shortcut ဆိုသည်မှာ Application သို့မဟုတ် ဖိုင်တစ်ခု သို့မဟုတ် အလိုရှိရာ လုပ်ဆောင်ချက် တစ်ခုကို အလွယ်တကူ ဖြတ်လမ်းနည်းဖြင့် သုံးစွဲနိုင်အောင် ဖန်တီးထားသော ဖိုင်အမျိုးအစား တစ်ခု ဖြစ်ပါသည်။ Shortcut သည်လည်း ဖိုင်တစ်မျိုးသာ ဖြစ်ပြီး Shortcut ၏ Extension အား .lnk ဖြင့် သတ်မှတ် ထားပါသည်။

ကွန်ပျူတာတစ်လုံးအား Shutdown ပြုလုပ်ရန်အတွက် Start Menu မှ သွားရောက် မလုပ်လိုလျင် Shortcut တစ်ခု ဖန်တီးထားနိုင်ပါသည်။

Shortcut ဖန်တီးပုံကို အောက်တွင် ဖော်ပြသည့် ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။


ပြုလုပ်ပုံမှာ နှစ်သက်ရာနေရာတွင် Right Click> New > Shortcut 
ပေါ်လာသောနေရာတွင် shutdown.exe -s -t 00 ဟု ရိုက်ထည့်ပြီး Next နှိပ်ပါ။ Shortcut အမည်နေရာတွင် ကြိုက်နှစ်သက်ရာ စာသားကို ထည့်နိုင်ပါသည်။

Shortcut ၏ Icon ကို ပြောင်းလဲလိုလျင် Shortcut ဖိုင်ကို Right Click နှိပ်ကာ Icon နေရာတွင် ကြိုက်နှစ်သက်ရာ ပုံတစ်ခုကို ရွေးပြီး ပြုလုပ်နိုင်ပါသည်။

အကယ်၍ shutdown.exe -s -t 300 ဟု ရိုက်ထည့်ထားလျင် Shortcut ကို Double Click နှိပ်ပြီး ၅ မိနစ်ကြာ မှ Shutdown ကျသွားပါလိမ့်မည်။

သီချင်းဖွင့်နားထောင်ရင်း အိပ်လိုသူများအတွက် ကြိုက်သလို အချိန်သတ်မှတ်နိုင်ပါသည်။

အနောက်ဆုံးမှ ဂဏန်းများသည် စက္ကန့် ဖြစ်ပါသည်။ အကယ်၍ တစ်နာရီကြာမှ ပိတ်စေလိုလျင် 3600 ဟု ရိုက်ရမည်ဖြစ်ပါသည်။

ထိုသို့ Shutdown အား အချိန်ဖြင့် သတ်မှတ်ထားချိန်အတွင်း စိတ်ပြောင်းသွားပြီး သတ်မှတ်အချိန်တွင် Shutdown မချလိုတော့ပါက Run Box မှ shutdown -a ဟု ရိုက်ကာ Enter ခေါက်ခြင်းဖြင့် ပြန်လည် ပယ်ဖျက်နိုင်မည် ဖြစ်ပါသည်။

အကယ်၍ Shutdown Shortcut မလုပ်လိုဘဲ Restart Shortcut ပြုလုပ်လိုလျင် shutdown.exe -r -t 00 ဟု ပြောင်းလဲ ထည့်သွင်းရမည်ဖြစ်ပါသည်။

လွယ်ကူစွာသုံးစွဲနိုင်ရေးနှင့် ဗဟုသုတ ရစေရေး ရည်ရွယ်လျက်...



Aung Technology

No comments:

Post a Comment

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...