Saturday, January 4, 2020

User များကိုယ်တိုင် မိမိကွန်ပျူတာကို ဖျက်ဆီးမိမှန်းမသိ ဖျက်ဆီးမိနေသည့် အမူအကျင့်တစ်ခု

User များကိုယ်တိုင် မိမိကွန်ပျူတာကို 

ဖျက်ဆီးမိမှန်းမသိ ဖျက်ဆီးမိနေသည့် အမူအကျင့်များ




Laptop/Notebook ကွန်ပျူတာ သုံးစွဲနေသော မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ User များကိုယ်တိုင် မိမိကွန်ပျူတာကို ဖျက်ဆီးမိမှန်းမသိ ဖျက်ဆီးမိနေသည့် အမူအကျင့်များထဲမှ အချို့ကို တင်ပြပါရစေဗျာ။

ကွန်ပျူတာရဲ့ အတွင်းပိုင်းမှာ ကျွန်တော်တို့ ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေ၊ ပုံတွေ၊ ဖိုင်တွေ ကို သိမ်းဆည်းပေးဖို့အတွက် Harddisk ဆိုတဲ့ အရာတစ်ခုရှိပါတယ်။



Harddisk ကို ဘယ်လိုတည်ဆောက်ထားသလဲဆိုတော့ မော်တာနဲ့ တွဲဆက်ထားတဲ့ သံမဏိဝင်ရိုးမှာ သံလိုက်အရည် သုတ်လိမ်းထားတဲ့ အချပ်ပြားတွေကို အထပ်ထပ် တပ်ဆင်ထားပြီး အဲဒီ အချပ်ပြား အထပ်တွေ ကြားမှာ Read/Write Head တွေက ချပ်ပြားတွေမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို သံလိုက်အားနဲ့ ညှို့ပြီး ဖတ်ခြင်း/ရေးခြင်းတွေကို ပြုလုပ်ပါတယ်။ သံလိုက်ပြားအချပ် တစ်ခုနဲ့ တစ်ခုကြားမှာ ရှိတဲ့ Head တွေနဲ့ သံလိုက်ပြားအချပ်တွေကြားမှာ အလွန်သေးငယ်လှတဲ့အကွာအဝေးတစ်ခုသာ ကွာခြားပါတယ်။ သံလိုက်ချပ်ပြားတွေဟာ အလွန်လျင်မြန်တဲ့ အမြန်နှုန်းနဲ့ လည်ပတ်ကြပါတယ်။






အချို့ User တွေက စက်ကို ဖွင့်လျက်သားနဲ့ ဟိုဘက်ရွှေ့၊ ဒီဘက်ရွှေ့၊ ဦးစိုက်ဂျွမ်းပြန် လုပ်တတ်ပါတယ်။

အဲဒီလို လုပ်တဲ့အချိန်မှာ Gyroscopic Effect ကြောင့် အဲဒီ ချပ်ပြားတွေက မျက်စေ့ဖြင့်မမြင်ရနိုင်လောက်သော အလွန်သေးငယ်သည့် ယိမ်းယိုင်မှု ဖြစ်သွားပါတယ်။ အလွန်သေးငယ်သည် ဆိုသော်လည်းပဲ Read/ Write Head တွေနဲ့ ချပ်ပြားတွေကြားမှာလည်း အလွန်သေးငယ်တဲ့ အကွာအဝေးသာ ရှိတဲ့အတွက် အဲဒီ Head တွေက သံလိုက်ချပ်ပြားတွေကို သွားပြီး ပွတ်တိုက်မိပါတယ်။ တစ်ကြိမ် တစ်ခါလောက်က မသိသာ ပေမဲ့ အချိန်ကြာမြင့်စွာ စက်ဖွင့်လျက်သားကြီးနဲ့ လျှောက်သွားနေရင် အချိန်ပြည့် ပွတ်တိုက်မိနေပြီး အတွင်းမှ Data တွေ ပျက်စီးနိုင်ရုံမျှမကဘဲ Hard Disk ကြီးပါ ပျက်စီးတဲ့အနေအထားထိ ဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် Hard Disk ပျက်စီးမှု မရှိစေဖို့အတွက် အောက်ပါ အမူအကျင့်များကို ရှောင်ကျဉ်သင့်ပါကြောင်း...


  • စက်ဖွင့်လျက် အဖုံးပိတ်ကာ အိတ်ထဲထည့်၍ လျှောက်သွားနေခြင်း
  • စက်ဖွင့်လျက် ဟိုဟို ဒီဒီ ရွှေ့ပြောင်းခြင်း
  • ကားစီးနေရင် Computer ဖွင့်သုံးနေခြင်း
  • ကွန်ပျူတာကို ပါဝါ ဖွင့်ထားလျက် ဦးစိုက် ဂျွမ်းပြန် ကိုင်ဆောင်ခြင်း
  • ပါဝါဖွင့်ထားလျက် လွတ်ကျခြင်း
  • တုန်ခါနေသော မျက်နှာပြင်၊ စားပွဲပေါ်တွင် ကွန်ပျူတာ အသုံးပြုခြင်း


ကွန်ပျူတာ ပျက်စီးစေနိုင်တဲ့ အချက်တွေ အများကြီးထဲက တစ်ခုသာ ဖြစ်ပြီး နောက်နေ့များတွင်လည်း အထက်ပါကဲ့သို့ အလားတူ ရှောင်ကျဉ်ရမည့်အချက်များကို တင်ပြပေးရန် စီစဉ်လျက် ရှိပါသည်။


ဗဟုသုတ တိုးပွားနိုင်ကြပါစေ။


Aung Technology

App ထဲမှ ဖတ်ရှုသူများ Visit Website ကို နှိပ်ကာ ဝင်ရောက်လေ့လာနိုင်ပါသည်။

2 comments:

  1. Bro ရဲ့ Page hack ခံထားရတာထင်တယ်ဗျ Sex post တွေတက်နေတယ်

    ReplyDelete

မိုဘိုင်းဖုန်းဖြင့် လှပသော ဓာတ်ပုံများ ရိုက်ကူးခြင်း၏ လျှို့ဝှက်ချက်(၂၂)ခု

                     မိုဘိုင်းဖုန်းဖြင့် လှပသေသပ်သော ဓာတ်ပုံများ ရိုက်ကူးနည်း ပထမဆုံး ဗဟုသုတအနေနဲ့ ဒီဂျစ်တယ်ကင်မရာများ မပေါ်ပေါက်မီအသုံးပြုခ...